placeholder

ထုတ်ကုန်ပစ္စည်းများ

product
product
ရွက်ဖျန်း မြေဩဇာအရည်

ရွှေပွင့်သီး

သုံးစွဲနိုင်သော သီးနှံများ

ဆီထွက်သီးနှံ၊ ပဲမျိုးစုံ

သုံးစွဲနည်း

ရေ(၄) ဂါလန် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငွေပင်သန် ဆေးရည် (၄၀-၆၀) စီစီ နှင့် ရွှေပွင့်သီးဆေးရည် (၄၀-၆-) စီစီ ရောစပ်သုံးစွဲပါ။ တစ်ဧကလျှင် ငွေပင်သန်ဆေးရည် (၂၀၀-၃၀၀)စီစီနှင့် ရွှေပွင့်သီးဆေးရည် (၂၀၀-၃၀၀) စီစီရောစပ်သုံးစွဲပါ။

ပါဝင်သော အဟာရဓာတ်များ

Phosphorus (P2O3) ..........................................

7.5%

Potassium (K2O) ..............................................

13.68%

Boron (B) ..........................................................

0.28%

သုံးစွဲရန်အချိန်

အပင်ငယ်စဥ် (၁၅)-(၂၀)ရက်သားမှ စတင်၍ (၇-၁၀)ရက် ခြားပြီး၊ (၂)ကြိမ်ပက်ဖျန်းရန်၊ ပန်းပွင့်ချိန်မှ အသီးရင့်မှန်ချိန်အထိ (၇-၁၀) ရက်ခြားပြီး (၂)ကြိမ် ပက်ဖျန်းပါ။

အကျိုးကျေးဇူးများ
  • အပင်ငယ်စဥ် အမြစ်တို့ကို အားပေးပြီး မျိုးပွား ချိန်တွင် အဖူးအပွင့်တို့ကို အဓိကအားပေးသည်။
  • သီးနှံပင်တို့၏ အသီးအနှံ အစေ့အဆံ အောင်မြင်မှုတို့ကို အားပေးသည့် အပြင် အရည်အသွေး အရောင်အဆင်းတို့ ကိုလည်း ကောင်းမွန်စေပါသည်။
  • သီးနှံပင်များကို တောင့်တင်းသန်မာစေသဖြင့် ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်တို့ကို ခံနိုင်ရည်ရှိစေပါသည်။
  • သီးနှံပင်များအတွက် အဟာရမျိုးစုံပါဝင်သဖြင့် အထွက်နှုန်းကို အထူးတိုးပွားစေပါသည်။
product
product
ရွက်ဖျန်း မြေဩဇာအရည်

ငွေပင်သန်

သုံးစွဲနိုင်သော သီးနှံများ

ဆီထွက်သီးနှံ၊ ပဲမျိုးစုံ

သုံးစွဲနည်း

ရေ(၄) ဂါလန် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငွေပင်သန် ဆေးရည် (၄၀-၆၀) စီစီ နှင့် ရွှေပွင့်သီးဆေးရည် (၄၀-၆-) စီစီ ရောစပ်သုံးစွဲပါ။ တစ်ဧကလျှင် ငွေပင်သန်ဆေးရည် (၂၀၀-၃၀၀)စီစီနှင့် ရွှေပွင့်သီးဆေးရည် (၂၀၀-၃၀၀) စီစီရောစပ်သုံးစွဲပါ။

ပါဝင်သော အဟာရဓာတ်များ

Nitrogen (N) .......................................................

28.0%

Magnesium (MgO) ............................................

4.83%

Sulphur (S) ..........................................................

5.63%

သုံးစွဲရန်အချိန်

အပင်ငယ်စဥ် (၁၅)-(၂၀)ရက်သားမှ စတင်၍ (၇-၁၀)ရက် ခြားပြီး၊ (၂)ကြိမ်ပက်ဖျန်းရန်၊ ပန်းပွင့်ချိန်မှ အသီးရင့်မှန်ချိန်အထိ (၇-၁၀) ရက်ခြားပြီး (၂)ကြိမ် ပက်ဖျန်းပါ။

အကျိုးကျေးဇူးများ
  • အစာချက်လုပ်မှုကောင်း၍ အရွက်များ အစိမ်းရင့်ရောင် တောက်ပပြီး ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်စေသည်။
  • အမြစ်ဆင်းအား ကောင်းပြီး အစာအာဟာရများ ပိုမိုစုပ်ယူ ရရှိစေ၍ အပင်ကြီးထွားမှုကို ပိုမိုလျှင်မြန်စေပါသည်။
  • ခိုင်မာတောင့်တင်းသော ကိုင်းဖြာထွက်မှုကောင်း၍ ပန်းပွင့်ပန်းခိုင် များ သီးတောင့်တင်မှုများပြားစေသည်။
  • သီးတောင့်များအတွက် အစေ့အဆံ ပြည့်ဝစေ၍ အလေးချိန်စီး ပြီး အထွက်နှုန်းကို တိုးစေပါသည်။
product
သီးနှံထွက်တိုး သဘာဝမြေ‌သြဇာ

ရွှေပွင့်သီး

သုံးစွဲနိုင်သော သီးနှံများ

ရွှေပွင့်သီး သဘာဝမြေသြဇာသည် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစိမ်ငုံ၊ အာလူး၊ ငရုတ်၊ ခရမ်းချဥ်၊ ဗူး၊ ဖရုံ၊ သရက်၊ စပျစ်၊ ကျွဲကော၊ ရှောက်၊ သံပရာ၊ ဒူးရင်း၊ လိမ္မော် စသည့် သီးနှံမျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်။ (စပါး၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ စားဖိုချောင်သီးနှံ၊ ဥယျာဥ်ခြံသီးနှံများ)

သုံးစွဲနည်း
  • ရာသီသီးနှံများတွင် အသုံးပြုပါက သီးနှံမစိုက်ပျိုးမှီ ထယ်ရေးပြင်စဥ်တွင် တစ်ဧက (၁-၂) အိတ်နှုန်း မြေခံအနေနှင့် ထည့်သွင်းသုံးစွဲပါ။
  • စိုက်ပျိုးပြီး (၃၀-၄၀) ရက်သားတွင် တစ်ဧကလျှင် (၁)အိတ်နှုန်း ထပ်မံသုံးစွဲပါ။
  • ပန်းပွင့်စုံချိန် (သို့မဟုတ်) သီးကင်းစ ဝင်ချိန်တွင် တစ်ဧက (၁) အိတ်ထပ်မံသုံးစွဲပါ။
  • နှစ်ရှည်သီးနှံများတွင် အသုံးပြုပါက ပန်းပွင့်ချိန်မတိုင်ခင် တစ်လအလို တွင် တစ်ပင်လျှင် ရွှေပွင့်သီး မြေသြဇာ နို့ဆီဗူး (၂)ဗူးနှုန်း အပင်ခြေနှင့် တစ်ပေခန့်ခွာပြီး ထည့်သွင်းပေးပါ။
  • သီးကင်းစ၀င်ချိန်တွင် တစ်ပင်လျှင် နို့ဆီဗူး (၂)ဗူးနှုန်း ထပ်ထည့်သွင်းပေပါ။
  • ရွှေပွင့်သီး သဘာဝမြေဩဇာထည့်သွင်းပြီး အစိုဓါတ်လုံလောက်စွာ ရှိပါက ပိုမိုအကျိုးအာနိသင်ရရှိမည်ဖြစ်ပါသည်။
ပါဝင်သော အဟာရဓာတ်များ

ရွှေပွင့်သီး သဘာဝမြေသြဇာတွင် သီးနှံပင်များအတွက် အဓိက လိုအပ်သည့် N:P:K အာဟာရဓါတ်များ ပါဝင်ပါသည်။ အနည်းလို အာဟာရဓါတ်များဖြစ်သော Ca, Mg, S, Zn, Mn တို့သည်လည်း အချိုးကျ‌ပေါင်းစပ်ဖွဲ့စည်းထားပါသည်။

ထားသိုရန် အညွှန်း
  • အေး၍ခြောက်သွေ့သော နေရာတွင်ထားပါ။
  • မြေကြီး၊ သမံတလင်းပေါ်တွင် တုံးခု၍ တင်ထားပါ။
  • ကလေးများနှင့် ဝေးသောနေရာတွင်ထားပါ။
  • သုံးစွဲပြီးပါက လေလုံအောင်သေချာပြန်ပိတ်ပါ။
အကျိုးကျေးဇူးများ
  • ရွှေပွင့်သီး သဘာဝမြေဩဇာသည် သီးနှံပင်များအတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ် (N:P:K) တို့ကို အချိုးကျပေါင်းစပ်ထားသောကြောင့် သီးနှံပင်များ ကောင်းစွာ ကြီးထွားခြင်း၊ အသီးအပွင့်ခိုင်ဝေခြင်း၊ အစေ့အဆံအောင်မြင်ခြင်းစသည့် အကျိုးအာနိသင်များကို ပေးစွမ်းနိုင်ပါသည်။
  • မြန်မာနိုင်ငံရှိစိုက်ပျိုးမြေအများစုတွင် ချို့တဲ့လျက်ရှိသော Ca, Mg, S, Zn, Mn တို့ကဲ့သို့သော အနည်းလိုအာဟာရဓါတ်များ လည်း ပါဝင်သောကြောင့် သီးနှံများ အရည်အသွေးကောင်းမွန် ပြီး ပိုးမွှားရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိမည် ဖြစ်ပါသည်။
  • ‌ရွှေပွင့်သီး မြေဩဇာသည် သဘာဝမြေဩဇာဓါတ်ဖြစ်ခြင်း ကြောင့် ယခုမြေဩဇာကို သုံးစွဲခြင်းအားဖြင့် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်နိုင်ပြီး နှစ်စဥ်ဆက်တိုက် သုံးစွဲခြင်းအားဖြင့် မြေဆီလွှာများ ကောင်းမွန်ထက်သန်လာမည် ဖြစ်ပါသည်။
  • ရွှေပွင့်သီး သဘာဝမြေဩဇာသုံးစွဲခြင်းမှ ထွက်ရှိလာသော အသီးအရွက်၊ အစေ့အဆံများသည် အရည်အသွေးကောင်းမွန် ပြီး ကြာရှည်ခံသည် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
product
ဦးထုပ် (Printing)
product
ဦးထုပ် (Sublimation)
product
အိတ် (Printing)
product
စပို့ရှပ် (Printing / Sublimation)
product
ထရက်ဆု (Printing)
product
အိတ် (Printing)
product
စာအုပ် (Printing)
product
ကြွေခွက် (Printing / Sublimation)
product
ထီး (Printing)
product
နာရီ (Sublimation)
product
အိတ် (Sublimation)
product
ရေဗူး (Printing)